Welldone ကနေ ဆက်သွယ်လာတာရှိတတ်လား
Welldone Team ကနေ Freelancer ရော Business owner တွေဆီကိုရော တိုက်ရိုက် ဆက်သွယ်မှု ပြုလုပ်တတ်ပါတယ်။ အောက်ပါ အကြောင်းအရာများ အလိုက် သက်ဆိုင်ရာ email, phone, SMS နဲ့ Facebook messenger တို့ကနေ ဆက်သွယ်တတ်ပါတယ်။
Welldone newsletter နဲ့ system notification အတွက် [email protected] ကနေ email တွေလက်ခံ ရရှိပါမယ်။
Welldone သို့ email ဖြင့်ဆက်သွယ်ပြီး အကူအညီ တောင်းခံထားမှုများအတွက် [email protected] ကတစ်ဆင့် ဆက်သွယ်မှု လက်ခံရရှိပါမယ်။
User အလိုက် တိုက်ရိုက် ဆက်သွယ်မှုများကို [email protected] နှင့် [email protected] မှ တစ်ဆင့် ဆက်သွယ်မှုများ ပြုလုပ်ပါမယ်။
SMS နှင့် အကြောင်းကြားမှုများကို sender name "Welldone" နှင့် (တစ်ခါတစ်ရံ operator အလိုက် short number) များနှင့် ဆက်သွယ်မှု ပြုလုပ်ပါမယ်။
Facebook Messenger မှ ဆက်သွယ်၊ အကူအညီ တောင်းခံသူများကို Facebook Messenger (m.me/welldone.im) မှ ဆက်သွယ်မှု ပြုလုပ်ပါမယ်။
Welldone အဖွဲ့ဝင်များမှ တိုက်ရိုက် ဆက်သွယ်၍ သင်၏ Password / TFA code number များနှင့် ကိုယ်ရေး အချက်အလက်များကို ဆက်သွယ်မေးမြန်းခြင်း ပြုလုပ်မည် အဟုတ်ပါ။
သံသယ ရှိစရာ ဆက်သွယ်မှုများ ဖြစ်ပေါ်ခဲ့ပါက Facebook Messenger (m.me/welldone.im) နှင့် [email protected] သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
