Service တွေ ဘယ်လို လုပ်ရမလဲ
Welldone Service ဆိုတာ သင်ပေးလိုသော ဝန်ဆောင်မှုကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ Freelancer အဖြစ် လျှောက်ထားပြီးသူတိုင်း Service များကို အခမဲ့ ပြုလုပ်ခွင့် ရှိပါသည်။
Create Service
1. Log in with your freelancer account
2. Go to user menu / my services / create service
Step 1 : Create Service ရဲ့ "Category မှာ သင့် service နဲ့ သက်ဆိုင်တဲ့ category ကိုရွေးချယ်ပါ။
Step 2 : Service Title မှာ သင့် service ရဲ့ Title ကိုရေးပါ။ ရိုးရှင်း ပြီး သင့်ရဲ့ ဝန်ဆောင်မှုကို ပေါ်လွင်စေတဲ့ Title မျိုးကို ရေးသားပါ။
Step 3: Description မှာ သင့် service မှာ ပါဝင်မယ့် အကြောင်း အရာများကို ရှင်းလင်း တိကျစွာ ရေးသားဖို့ လိုအပ်ပါတယ်။ ရှုပ်ထွေးပြီး ရှင်းလင်းမှု မရှိတဲ့ description မျိုးဆိုရင်တော့ အလုပ် အပ်နှံသူတွက် အခက် အခဲ ဖြစ်စေပါတယ်။
Step 4: Briefing Details မှာ သင့် service တွက် လိုအပ်မယ့် အချက်အလက်များ client (အလုပ် အပ်နှံမည့်သူ) က ပြုလုပ်ပေးရမယ့် အချက်များကို ရှင်းလင်းစွာ ရေးသားဖို့ လိုအပ်ပါတယ်။
Step 5: Price မှာ အနည်းဆုံး 3,000 ကျပ်မှ စတင်ပြီး သင့် service အတွက် ကျသင့်မယ့် ဝန်ဆောင်ခကို ဖြည့်သွင်းရပါမယ်။ Turnaround မှာ သင့် service တွက် ကြာချိန်ကို ဖြည့်သွင်း ပေးရပါမယ်။ Revisions မှာ သင့် service အတွက် လိုအပ်လျှင် ပြန်လည် ပြုပြင်ပေးမယ့် အကြိမ် အရေအတွက် ဖြစ်ပါတယ်။
Step 6: Service Photo မှာတော့ သင့် service ကို ညွှန်းဆိုနိုင်မယ့် Image များကို အသုံးပြုဖို့ လိုအပ်ပါတယ်။ 1024x768 အရွယ်အစား၊ 10MB အများဆုံးရှိတဲ့ Image နဲ့ Video တွေကို အသုံးပြုခွင့် ပေးထားပါတယ်။
